Pages

Monday, April 9, 2012

ဘလော့ကိုမထိမိတာကြာပြီ

ကိုယ်ထောင်ထားတဲ့ဘလော့ကိုတောင်မကိုင်မိတာကြာခဲ့ပါပြီ အခုပြန်ပြီးတော့လုပ်ဖြစ်မှာပါ ဒီနည်းပညာဘလော့ကိုတွဲကိုင်မယ့်သူတစ်ယောက်တိုးလာပါပြီ သူကတော့ကျွန်တော့်သူငယ်ချင်း ဝေဖြိုးဟန်ဖြစ်ပါတယ် ကျွန်တော်တို့UCSYကပါပဲ ဒီဆိုဒ်ကိုလာလည်တဲ့သူငယ်ချင်းတွေအတွက်အကောင်းဆုံးဖြစ်အောင်ဆောင်ရွက်ပေးသွားမှာပါ
ကျေးဇူးတင်ပါသည်
                         Blogger Khant Win Nyo
 

Tuesday, December 6, 2011

Movies site များ


အင်္ဂလိပ် ၀ိဥာဉ်နှင့်သက်ဆိုင်နဲ့ကားများ အများဆုံးတင်တဲ့ဆိုက်က ဒီမှာ ပါ။
အင်္ဂလိပ် ဟာသနှင့်သက်ဆိုင်တဲ့ကားများ အများဆုံးတင်တဲ့ဆိုက်က ဒီမှာ ပါ။
ထူးထူးဆန်းဆန်းကားလေးများ (အင်္ဂလိပ်) ဒီမှာ ပါ
ရိုးရိုး movies များ ကတော့ ဒီမှာ ပါ
မြန်မာ ဗွီဒီယို ဇာတ်ကားများတင်တဲ့ဆိုက်က (Download)ဆိုက်က ဒီမှာ ပါ။
(တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်)

မြန်မာ movies download sites က တော့ ဒီမှာ ပါ
နောက်တစ်ခုက (မြန်မာ) ဒီမှာ ပါ။
နောက်တစ်ခု (မြန်မာ) ဒီမှာ ပါ။

Aircrack 2.1 for window



တင်တော့တင်ပေးလိုက်ပါပြီ . wifi ကို ဘယ်လို hack တယ်ဆိုတာကို movie နဲ့ပါ ရှင်းပြထားပါတယ် . စမ်းကြည့်တာတော့ စမ်းကြည့်လို့ရပါတယ် . ဒါပေမယ့် သူများအကျိုးစီးပွားတော့ ပျက်စီးအောင် မလုပ်ကြပါနဲ့လို့ ကြိုပြီးပြောချင်ပါတယ် . ကိုလဲ သူများနေရာမှာ ၀င်ပြီးတော့ နေကြည့်လိုက်ရင် အရာရာ အဆင်ပြေသွားမှာပါ . လိုချင်တဲ့သူများ အောက်မှာ Download လုပ်လိုက်ပါ .


Download ifile.it | Mediafire | Zshare

unlocker 1.8.7


window သုံးဖူးတဲ့သူတိုင်း အခုပုံမှပြထားတဲ့ error မျိုးကို တွေ့ဖူးကြမှာပါ .

ကဲဒါလေးကတော့ ကျွန်တော်တို့ ဖိုင်တွေကို delete (or) shif + delete + enter ဘယ်လိုမှ ဖျက်လို့မရဘဲ အပေါ်က error မျိုးဘဲ တက်နေတယ် . ဖိုင်ကလဲ တန်ဖိုးမရှိဘူးဆိုရင် အခုတင်ပေးလိုက်တဲ့ Unlocker လေးနဲ့သာ ဖျက်လိုက်ပါ .

Download ifile.itDownload mediafire

အလွယ်ကူဆုံး window admin password ကို ဖျက်ကြည့်ရအောင်




ကွန်ပျူတာတွေမှာ window log in password ပေးထားတတ်ကြပါတယ်. အဲ့လိုပေးထားတဲ့ နေရာမှာ တစ်ချို့က ပေးထားတဲ့ password ကို မေ့သွားလို့၊ တစ်ချို့က password ပေးထားတဲ့ စက်ကို မကြည့်ပဲ ၀ယ်မိလို့၊ ဘယ်လိုအကြောင်းအရာပဲ ဖြစ်နေ ဖြစ်နေ admin password ပေးထားတဲ့ ကွန်ပျူတာကို ၀င်လို့ရအောင် ပေးထားတဲ့ admin password ကို ဖျက်ပစ်လိုက်ကြည့်ရအောင်. အရင်က ပေးထားတဲ့ နည်းက နည်းနည်းလေး အဆင့်များပါတယ်၊ လုပ်နည်းတွေ တောင်လိုပုံနေပါတယ်။ အဲ့ဒီ့အထဲမှာမှ ဒီနည်းလေးက အကောင်းဆုံး၊ အမြန်ဆုံး၊ အလွယ်ဆုံးလို့ ပြောလို့ရပါတယ်။ window xp| window vista | window 7 စတဲ့ window os အားလုံးရဲ့ password တွေကို ဖျက်ပေးနိုင်ပါတယ်။ နောက်ဆုံးထွက်တဲ့ version ပါ။ လုပ်နည်းကအစ ပြောပြပေးပါ့မယ်။

ပေးထားတဲ့ Download link ကနေ Reset Windows Password software ကို Download လုပ်လိုက်ပါ။ ဖိုင်(၃)ဖိုင်ရလာပါလိမ့်မယ်။















အထဲကနေမှ ResetWindowsPwd.iso ဖိုင်ကို nero နဲ့ အခွေ Burn လိုက်ပါ။














အခွေ မ burn တတ်သူများအတွက်ကိုပါ ထပ်ပြောပေးလိုက်ပါ့မယ်။ အရင်ဆုံး nero တင်ထားပေးပါ။ ပြီးရင် ရလာတဲ့ ResetWindowsPwd.iso ဖိုင်ကို Double click နှိပ်ပါ(Double click နှိပ်လို့မှ nero တက်မလာရင် ResetWindowsPwd.iso ဖိုင်ကို right click ထောက်ပြီး open with ကနေ nero express (or) nero burningroom ကိုရွေးပေးလိုက်ပါ)














Nero တက်လာတာနဲ့ burn ကို နှိပ်ပြီးတော့ CD နဲ့ အခွေ ကူးထားလိုက်ပါ။














ရလာတဲ့ ဖိုင်(၃)ဖိုင်ထဲက keygen ကို Double click နှိပ်ပြီး ဖွင့်လိုက်ပါ။
ပြီးလျှင် Name အကွက်ထဲမှာ မိမိနာမည်ကို ရိုက်ထည့်လိုက်ပါ။ အောက်မှာ နံပါတ် အလုံး(၂၀)ပေါ်လာပါလိမ့်မယ်။ အဲ့ဒီ့ပေါ်လာတဲ့ မိမိနာမည်နဲ့ နံပါတ်ကို စာအုပ်မှာဖြစ်ဖြစ် အခုနက ကူးထားတဲ့ CD မှာ ဖြစ်ဖြစ် ရေးပြီးမှတ်ထားလိုက်ပါ။ ဘာဖြစ်လို့လဲဆိုရင် register version မဟုတ်ဘူးဆိုရင် user account ကိုပဲ ဖွင့်လို့ရပါတယ်. admin account ကို ပေးမဖွင့်ပါဘူး။ register version ဖြစ်မှသာ admin password ကို ပေးဖျက်ပါတယ်။ အဲ့ဒါကြောင့် မှတ်ထားခိုင်းတာပါ။ name အကွက်မှာ ဘာပဲရိုက်ထည့်ရိုက်ထည့် အဲ့ရိုက်ထည့်တဲ့ နာမည်ရယ် အောက်ပါပေါ်တဲ့ နံပါတ် အလုံး(၂၀)ရယ်ကို မှတ်မိရင်ရပြီ။

အခုအခွေလဲ ကူးပြီးပြီ။ name and password ကိုလဲ မှတ်ထားပြီးပြီဆိုတော့ admin password ပေးထားတဲ့ စက်တစ်လုံးဆီကို ခုနက အခွေယူသွားပြီး ထည့်လိုက်ပါ။ တစ်နည်းအားဖြင့် Reset Windows Password CD ထည့်ပြီးတော့ boot တက်လိုက်ပါ။
















Boot တက်လာရင် ခဏစောင့်နေလိုက်ပါ အားလုံးပြီးသွားရင် Reset Windows Password program ပေါ်လာပါလိမ့်မယ်။ ပေါ်လာတဲ့အထဲက About ကို mouse နဲ့နှိပ်ပြီး ခုနက မှတ်ထားခဲ့တဲ့ Username နဲ့ Registration code အလုံး(၂၀)ကို ရိုက်ထည့်လိုက်ပါ။ ပြီးတာနဲ့ ok ကိုနှိပ်ပါ။
















Administrator ကိုရွေးပြီးတော့ reset ကို နှိပ်လိုက်ပါ။
















နောက်ဆုံး ပုံမှပြထားတဲ့ restart ကိုနှိပ်ပြီး ကွန်ပျူတာကို restart လုပ်လိုက်ပါ။ ပြီးလျှင် အခွေပြန်ထုတ်ထားလိုက်ပါ။
ဝင်းဒိုးတက်လာတာနဲ့ ၀င်မရတဲ့ admin account ၀င်လို့ရသွားပါလိမ့်မယ်။

Download mirrorcreator | ifile.it | Mediafire | ziddu | zshare

ok virus cleaner version 4 (latest version)



ဒါကတော့ မြန်မာပြည်က ထုတ်တဲ့ ok virus cleaner version 4 နောက်ဆုံးထွက် အခွေပါ. အထဲမှာ virus သတ်ပုံသတ်နည်းများနှင့် တစ်ခြားသော အသုံးဝင်တဲ့ virus ကိုင်တွယ်ဖြေရှင်းနည်းများစွာပါဝင်တဲ့ အခွေပါ. ရောင်းဈေးကတော့ မြန်မာငွေ ၁၀၀၀ကျပ်ပါ.  နောက်ပိုင်း အထဲမှာပါတဲ့အကြောင်းအရာများကို အသေးစိတ် ထည်ပြီးတော့ ဖြည့်စွက်ရေးသားပါဦးမယ်. အားလုံးပဲ ဖတ်သင့်တဲ့ အခွေနှင့်စာအုပ်လေး တစ်အုပ်ဖြစ်ပြီး. အထဲမှာ virus များကို သတ်ဖို့အတွက် tools များစွာလဲ ပါဝင်ပါတယ်. tools များကို အသုံးပြုနည်းများလည်း အထဲမှာ ပါပါတယ်. အားလုံးပဲအဆင်ပြေကြ လိမ့်မယ်လို့ မျှော်လင့် ပါတယ်ဗျာ.လိုချင်ရင်အောက်မှာ Download လုပ်လိုက် ကြပါ.ဒီ link တွေကို ကျွန်တော့် သူငယ်ချင်း ကိုရဲထွန်း(ဘန်ကောက်) ကနေ ၀ိုင်းကူပြီး တင်ထားပေးတာဖြစ်ပါတယ်. ကျွန်တော့် အင်တာနက်က ဖိုင်ဆိုက်ကြီးတွေ တင်ဖို့သိပ်အဆင်မပြေလို့ပါ။

Download mirrorcreator
Part1 | Part2 | Part3 | Part4 | Part5 | Part6 | Part7 | Part8 | Part9

Download mediafire
Part1 | Part2 | Part3 | Part4 | Part5 | Part6 | Part7 | Part8 | Part9

Download ifile.it
Part1 | Part2 | Part3 | Part4 | Part5 | Part6 | Part7 | Part8 | Part9

Download zshare
Part1 | Part2 | Part3 | Part4 | Part5 | Part6 | Part7 | Part8 | Part9

Download ziddu
 Part1 | Part2 | Part3 | Part4 | Part5 | Part6 | Part7 | Part8 | Part9

Download megaupload
Part1 | Part2 | Part3 | Part4 | Part5 | Part6 | Part7 | Part8 | Part9

Google Talk နဲ့အရာအားလုံးကိုပြီးမြောက်စေမယ်





"ကျွန်တော်တို့တွေရဲ့ မကြာတော့မယ့် အနာဂတ်မှာ ဖုန်းတစ်လုံးက လွဲပြီး ဘာမှ ယူစရာမလိုဘဲ အိမ်အပြင်ထွက်လို့ ရတော့မယ်" ။ အဲဒါကတော့ ဂူဂယ်ကုမ္ပဏီက ပြောလိုက်တဲ့ အနာဂတ်အတွက် အမြင်ပါ။
"ကျွန်တော်တို့ ယုံကြည်နေပါတယ်။ တစ်နေ့နေ့မှာ အိမ်ကနေ အလုပ်ကို ဖြစ်ဖြစ် ဈေးကိုဖြစ်ဖြစ် တစ်နေရာရာကို လက်ကိုင်ဖုန်း တစ်လုံးတည်း ကိုင်သွားပြီး ထွက်သွားလို့ရမယ်လို့ ကျွန်တော် အသေအချာကို မျှော်လင့်ထားပါတယ်လို့ ..." ဂူဂယ် အိမ်ဆောင်ထုတ်ကုန် မန်နေဂျာ Marc Freed-Finnegan က ပြောလိုက်ပါတယ်။
အပြင်တစ်ခါသွားရင် လိုအပ်မယ့် အရာအားလုံးဖြစ်တဲ့ စာရွက်စာတမ်း၊ ပလပ်စတစ်နဲ့ လုပ်ထားတဲ့ အရာတွေ ဒါမှမဟုတ် သတ္တုတစ်မျိုးမျိုးနဲ့ လုပ်ထားတဲ့ အရာတွေကို ဒစ်ဂျစ်တယ် နည်းပညာနဲ့ တစ်စုတစ်ဝေးတည်းဖြစ်အောင် smart phone က လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။
ဂူဂယ်က ဆိုလိုတာကတော့ မိုဘိုင်းဖုန်းကိုပဲ ခရက်ဒစ်ကဒ်၊ ယာဉ်မောင်း လိုင်စင်၊ ထရန်စစ်ကဒ်၊ စတိုးဆိုင်တွေက ပေးတဲ့ ကူပွန်ကဒ်တွေ၊ အိမ်သော့၊ ဟိုတယ်သော့ မှတ်ပုံတင် စတာတွေအပြင် အခြားသော မဖြစ်နိုင်ဘူးလို့ ထင်ထားတာတွေ တော်တော်များများကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါတွေ တကယ်ဖြစ်နိုင်မလားဆိုတာကတော့ smart phone တွေရဲ့ တိုးတက်လာမှုတွေကို ကြည့်ရင် သိနိုင်ပါတယ်။
၂၀၀၇ မှာ ပထမဦးဆုံးပေါ်ခဲ့တဲ iPhone ကို နည်းပညာရှင်တွေက ပထမဦးဆုံးသော အိပ်ဆောင် ကွန်ပျူတာ Smart Phone စစ်စစ်လို့ သတ်မှတ်ကြပါတယ်။
Smart phone တွေဟာ အခုဆိုရင် GPS များ၊ လက်ကိုင်ဂိမ်းစက်များ၊ အိမ်သုံး ကင်မရာများ၊ ပြက္ခဒိန်၊ မှတ်စုစာအုပ်၊ သတင်းစားများ နဲ့ နားကြပ်ကက်ဆက်တွေ နေရာမှာ အစားထိုး ၀င်လို့လာပါတယ်။ လက်ကိုင်အိတ်ထဲမှာ တပွေ့တပိုက် ထည့်ထားရမယ့် စာတွေ တော်တော်များများဟာ smart phone ထဲကို ရောက်သွားပါပြီ။
ကျွမ်းကျင်သူတွေ အပြောအရ ဖုန်းတွေက ဘယ်လောက်အထိ ပြည့်စုံလာစေမလဲဆိုရင်၊ တကယ်လို့ မနက်ပိုင်းထွက်မယ့် ခင်ဗျား စီးမယ့်လေယာဉ်က အကြောင်းကြောင်းကြောင့် နောက်ကျနေတယ် ဆိုရင်၊ ခင်ဗျားရဲ့ ဖုန်းမှာပါတဲ့ နှိုးစက်နာရီက ခင်ဗျားကို နောက်ကျပြီးမှ နှိုးပေးမှာ ဖြစ်ပါတယ်။ အဲဒါမျိုးတွေကိုတော့ Apples ရဲ့ ဆော့ဝဲတစ်ခုဖြစ်တဲ့ humble personal assistant ကို ကြည့်ခြင်းအားဖြင့် ဖြစ်လာနိုင်တယ်ဆိုတာ မြင်သာနေပါတယ်။
ဖုန်းထုတ်လုပ်နေတဲ့ နည်းပညာရှင်တွေကလည်း ဘယ်လောက်အထိ ကြိုးစားနေသလဲဆိုရင် ဖုန်းတစ်ခုလုံးကို အင်္ကျီတွေထဲမှာ တည်ဆောက်ထားပြီး ဖုန်း စခရင် ကိုတော့ ခင်ဗျားရဲ့ အသားပေါ်မှာ ထားနိုင်အောင် လုပ်ဆောင်ပါတယ်။ ဒါကတော့ နည်းနည်း အလှမ်းဝေးသေးတဲ့ အနာဂတ်တစ်ခုပါ။ သေချာတာကတော့ အလွယ်ကူဆုံး အသုံးပြုနိုင်ဖို့၊ ကိုယ်နဲ့ မကွာထားနိုင်ဖို့နဲ့ သက်တောင့်သက်သာ ရှိစေဖို့တွေကို ဦးတည်နေတာ ဖြစ်ပါတယ်။

မိုဘိုင်းဖုန်းတွေဟာ တကယ့်ကိုပဲ လူသားတွေရဲ့ လူမှုနေထိုင်မှု ဘ၀အချက်အချာ ဖြစ်လာနေတယ်လို့ မန်နေဂျာ Freed-Finnegan ပြောပါတယ်။ ကွန်ပျူတာ အသေးစားလေးကို သယ်ဆောင်သွားတာနဲ့ ခင်ဗျား လုပ်ချင်တဲ့အရာ တော်တော်များများကို အဲဒါလေးနဲ့ပဲ အကုန်လုပ်ယူလို့ရတယ်လို့ ဆိုပါတယ်။
အိတ်ဆောင် စမတ်ဖုန်းတွေကို ကိုရီးယားနဲ့ ဂျပန်က လွန်ခဲ့တဲ့ ငါးနှစ်ကျော်လောက်ကတည်းက စထွင်ခဲ့တာပါ။ အဲဒီအချိန်တုန်းကတော့ အမေရိကမှာတော့ သူပြောငါပြော စကားတွေထဲမှာပဲ ရှိနေသေးတာပါ။
ဒါပေမဲ့ ဂူဂယ် ဆော့ဝဲ တစ်ခုဖြစ်တဲ့ Nexus S smartphones ကို Sprint's network မှာ မကြာခင်က ဖြန့်ချီလိုက်တဲ့အခါမှာတော့ အိပ်မက်တွေ တကယ်ဖြစ်လာခဲ့ပါတယ်။ Nexus S smartphone က နောင်တစ်ချိန်မှာ တကယ့်ကို ဘာတွေ ဆက်ဖြစ်လာမလည်းဆိုတာကို ချပြလိုက်တဲ့ အသေးစား ပြယုဂ်လေး တစ်ခုပါလို့လည်း ဆိုပါသေးတယ်။
အခု Smart Phone က ဘာတွေ ဘယ်လို ဖြစ်လာနိုင်မလဲဆိုတာ နည်းနည်း ဆက်ကြည့်လိုက်ရအောင်။
ကုန်ပစ္စည်းတစ်ခု ၀ယ်တာကို ခရက်ဒစ်ကဒ် မထုတ်ဘဲ ဖုန်းကို ထုတ်လိုက်မယ်။ ပြီးတော့ NFC Reader software (စတိုးဆိုင်တော်တော်များများမှာတော့ PayPass လို့ခေါ်တဲ့ သေးငယ်တဲ့ Radio-wave icon လေးတွေကို ဈေးနှုန်းကဒ်တွေမှာ ထည့်ထားပါတယ်) ကိုဖွင့်လိုက်မယ်။ ငွေချေဖို့ အတွက် ကုန်ပစ္စည်းကုဒ်ကို မှတ်ထားလိုက်မယ်။ လုံခြုံရေးအတွက်တော့ Security PIN ကို ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။
Google Wallet က အခုလောလောဆယ်မှာတော့ Citi MarterCard တစ်ခုနဲ့ပဲ အလုပ် လုပ်ပါသေးတယ်။ နောက်ပြီး Prepaid card ထဲကို ခင်ဗျားဘဏ်ထဲက ဒါမှမဟုတ် ခရက်ဒစ်ကဒ် အကောင့်ထဲက ပိုက်ဆံကို ထည့်ထားလို့ရပါသေးတယ်။
နည်းပညာရှင်တွေ အပြောကတော့၊ သမားရိုးကျ အရောင်းအ၀ယ် ၀န်ဆောင်မှုတွေက ခက်ခဲ ရှုပ်ထွေးလို့၊ တခြား နည်းပညာအသစ် တစ်ခုနဲ့ ငွေပေးချေရေး ၀န်ဆောင်မှုတွေ မြန်ဆန် လွယ်ကူစေဖို့အတွက် အဲဒါကို အစားထိုး စမ်းသပ် အသုံးပြုဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
ဟုတ်ပါတယ်။ အခုဆိုရင် Google Wallet ဒါမှမဟုတ် တခြား Digital Wallet တစ်ခုခုဟာ ခင်ဗျားရဲ့ ပိုက်ဆံအိတ်တွေ နေရာမှာ အစားထိုးဝင်ရောက်လာနေပြီ ဖြစ်ပါတယ်။ အဲဒီ Phone-wallet နည်းပညာဟာ အနာဂတ် မိုဘိုင်းများအတွက် အရေးပါလာသလို၊ လူအားလုံး လက်ခံ အသုံးပြုဖို့ လွယ်ကူတဲ့အရာလည်း ဖြစ်လာပါတော့မယ်။
ဂူဂယ်က ပြောတာကတော့ Google Wallet ကို ဆက်ပြီး ဖွံ့ဖြိုးအောင် ဆောင်ရွက်နေပါတယ်တဲ့။ မိုဘိုင်းဖုန်းက loyalty cards တွေ digital coupons တွေကို သိမ်းစည်းထားနိုင်ပြီး တစ်ချက်ကလေး ကလစ်လိုက်တာနဲ့ ကုန်စုံဆိုင်က ပေးတဲ့ discounts တွေကော လျှော့ဈေးတွေကိုပါ ရမှာဖြစ်ပြီး တစ်ဆက်တည်းပဲ ငွေပါ ပေးချေပြီးသား ဖြစ်သွားလိမ့်မယ်လို့ ဆိုပါတယ်။
ရည်ရှည်မှာတော့ မှတ်ပုံတင်ကဒ်တွေ တံခါးသော့ကဒ်တွေကအစ အရာအားလုံးကို ဖုန်းထဲ ထည့်ထားနိုင်ပါလိမ့်မယ်။ အခုဆိုရင် ဖုန်းထဲက NFC chip က တံခါးတွေ ဖွင့်ပြီး၊ မှတ်ပုံတင် (ID) စစ်ဆေးဖို့တွေ လုပ်နိုင်နေပါပြီ။ (လောလောဆယ်တော့ google wallet က သိပ်ပြီးတော့ နာမည် မကြီးသေးပါဘူး၊ အမေရိကန်က smart phones ဖြစ်တဲ့ Google Nexus S နဲ့ တခြား BlackBerry မော်ဒယ် နှစ်ခုမှာတော့ NFC chip က ပါနေပါပြီ။)
ဥပမာ ဟိုတယ် တံခါးသော့ အတွက် ဆိုပါတော့။ ဟိုတယ် စာရေးက ဧည့်သည်ရဲ့ ဖုန်းထဲကို check-in ၀င်တဲ့အချိန်မှာ key permission ကို တံခါးသော့ဖွင့်နိုင်ဖို့အတွက် ထည့်ပေးလိုက်မှာ ဖြစ်ပါတယ်။ အဲလိုဆိုရင် ဖုန်းကို ဟိုတယ် အခန်းတံခါး သော့နားကို ကပ်လိုက်တာနဲ့ တံခါးက ပွင့်သွားမှာ ဖြစ်ပါတယ်။
အဲလိုဖြစ်ဖို့အတွက် digital lock တွေ လုပ်တဲ့ အလုပ်ရုံတွေက လုံခြုံရေးဆိုင်ရာတွေနဲ့ hardware တွေကို standards တစ်ခု သတ်မှတ်ထားဖို့ လိုပါလိမ့်မယ်။ မှတ်ပုံတင်တွေ ကားမောင်းလိုင်စင်တွေ အတွက်ကတော့ သက်ဆိုင်ရာ အစိုးရဌာနက လက်ခံဆောင်ရွက်မှ ဖြစ်လာမှာပါ။
ဒါပေမဲ့ အဲဒီအရာတွေ အားလုံးကတော့ မကြာခင်ချိန်မှာ တကယ်ဖြစ်လာမှာပါလို့ ဂူဂယ် အိတ်ဆောင် ကွန်ပျူတာ ထုတ်လုပ်ရေး မန်နေဂျာ Freed-Finnegan က ပြောထားပါတယ်။